Posts

ခင်ဖုန်းသက်ဝေ ဂီတ

Image
ခင်ဖုန်းသက်ဝေ ဂီတ ကဗျာဆိုတာ ကိုယ်ရေးကိုယ်တာတွေ မြီးကောင်ပေါက်ခြင်း တစ်မျိုးပါပဲ အရေးတကြီး တီထွင်လိုက်မိတယ် နွေဦး ချန်နယ် တခုလုံး ကျွန်တော့ ခင်ဖုန်းသက်ဝေ ပျော်ပါစေကွယ် မနေ့ကရော မနက်ဖြန်ရော ဖေဖော်ဝါရီ တစ်လလုံးရော အချစ်နဲ့စစ် အပြင် လူတွေ ဘာလုပ်နေကြပါသလဲ ဘရမ်ဒီလို သက်တမ်းရှည်တိုင်း လွမ်းစရာ တွေဟာ လွမ်းစရာ ကောင်းနေပြန်ပါတယ် ဂုဏ်ယူ ချင်စရာပါ ခင်ဖုန်းသက်ဝေ နှစ်ယောက်စလုံး ရယ်ဖို့ပန်းတွေ ဘယ်ရာသီမှာမှ မပွင့်ခဲ့တာ ခင်ဖုန်းသက်ဝေ သောက်ပြီး , ကျွန်တော် အခါခါသေခဲ့ရတဲ့ အဆိပ်ပြာတစ်ခွက်မှာ ဆတ်သွားဖူးတွေ ပက်ကြားအက်ခဲ့ရဘူးတာ ပြီးတော့ - - - ကျွန်တော်က စိတ်ကြီး , ဒေါသကြီး ပြောရင် ပြောတဲ့အတိုင်း မီးခိုးမဆုံး မိုးမဆုံး လွမ်းနေတတ်တာ ဂုဏ်ယူပါတယ် ခင်ဖုန်းသက်ဝေရယ် မာယာ လူမျိူးတွေရဲ့ ပြက္ခဒိန် မှာ ချစ်သူများနေ့ကို ဖော်ပြပုံ ရှုပ်ထွေးလွန်းလှတယ် ကျွန်တော့ပင်လယ်မှာဖြင့် သိပ်ကို ရိုးရှင်းပါရဲ့ လှိုင်းကြား , လေကြား ကျောက်ဆောင်ပေါ်မှာ အတောင်ညောင်းလာတဲ့ အမြီးနှစ်ခွ ဇင်ယော်လေး တစ်ကောင်စ , နှစ်ကောင်စ လာနားနေမယ် လေတွေက ရွက်ဖြူဖြူတွေကို ဖောင်းကားနေအောင် တိုက်လို့ ဥဒဟို ဖြတ်သွားဖြတ်လာ အဲဒီလှေလေးတွေဆီ ဟေး , ဟေး လို့ အော်သံခေါ်...